မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် တီဘီရောဂါ နှင့်ငှက်ဖျားကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲ

မန္တလေး၊ ဇန်နဝါရီ (၁၁)ရက်

     အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်းရှိ တပ်ရင်း/ တပ်ဖွဲ့ဝင်များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တီဘီရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှု့လျော့ကျစေရေးအတွက် ကျန်းမာရေးနှင် အားကစား ၀န်ကြီးဌာန မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် တီဘီရောဂါ နှင့်ငှက်ဖျားကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲအား (၉-၁-၂၀၁၉) ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် အမှတ် (၁) စစ်မြေပြင် ဆေးတပ်ရင်းအစည်းအ​ေးခန်းမ၌ လည်းကောင်း၊ (၁၀-၁-၂၀၁၉)ရက်နေ့ ၁၃:၀၀နာရီအချိန်တွင် အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀)၌ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

 

 

     အဆိုပါအစည်းအဝေးသို့ နေပြည်တော် တပ်မတော် ရောဂါကာကွယ်နှိမ်နင်းရေးဌာနမှ ဗိုလ်မှူးကြီး ကျော်လှိုင်၊ ဒုတိယဗိုလ်မှူးကြီး သီသီအောင် အမှတ်(၁) စစ်မြေပြင်ဆေးတပ်ရင်းမှ တပ်ရင်းမှူးများ၊ အရာရှိ အရာခံများ၊ မန္တလေးတိုင်းဒေသကြီး တီဘီအထူးကုဆရာဝန်ကြီးနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ အဖွဲ့ခေါင်းဆောင် ဆရာဝန်တို့ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ မန္တလေးတိုင်း တီဘီဆရာဝန်ကြီးမှ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွင် လက်ရှိဆောင်ရွက် လျက်ရှိသော တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ တီဘီ/HIV ပူးတွဲဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ဆေးယဉ်ပါးတီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

 

 

     အမျိုးသားတီဘီဌာန မန္တလေးအနေဖြင် မဆရ(၁) ဆေးတပ်နှင့် အတူ လက်ရှိလုပ်ကိုင်နေသော တီဘီတိုက် ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် တီဘီရောဂါရှာဖွေရေးတွင် လိုအပ်သော ဓါတ်ခွဲခန်းသုံး ပစ္စည်းများ HIV test kit များ၊ ဓါတ်မှန်ဖလင်များအား (၃)လပတ်တကြိမ် လိုအပ်ချက်နှင့် အညီ ဖြည့် ဆည်းပေးခဲ့ပါသည်။ တီဘီရောဂါကုသရေးအတွက် လိုအပ်သော ပထမအဆင့် တီဘီဆေးများအားလည်း လိုအပ်ချက်နှင့် အညီ (၃)လ တကြိမ် ဖြည့် ဆည်းပေးခဲ့ပါသည်။

     တီဘီရောဂါကာကွယ်ရေးအတွက် လိုအပ်သော ကျန်းမာရေး ပညာပေး လက်ကမ်းစာစောင်များ၊ နှာခေါင်း စည်းများ၊ လမ်းညွှန်စာအုပ်များအားလုံး ကိုလည်း ဖြန့် ဖြူးပေးထားပြီး ဖြစ်ပါသည်။ ရှာဖွေတွေ့ ရှိသော တီဘီလူနာများမှ ဆေးယဉ်ပါး တီဘီရောဂါစောစီးစွာ ရှာဖွေနိုင်ရေးအတွက် Gene Xpert စက်ဖြင့် သလိပ်စစ်ဆေးဆောင်ရွက်မှု့ကိုလည်း ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ ပါသည်။

     သတင်းပေးမှု့ ပုံစံအားလည်း လက်ရှိဆောင်ရွက်နေသော (၃)လပတ်လချုပ်ဖြင့် အမျိုးသား တီဘီရောဂါတိုက် ဖျက်ရေးစီမံကိန်းနှင့်တပ်မတော်ရောဂါကာကွယ်နှိမ်နင်းရေးဌာနသို့ ပေးပို့ရန်ဖြစ်ပါသည်။ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး (ဗဟို) မန္တလေးတွင် နှစ်စဉ်ပို့ချလျက်ရှိသော တီဘီရောဂါရှာဖွေဖော် ထုတ်ရေးနှင့် ပတ်သက်သော သင်တန်းများ တွင်လည်း တီဘီတာဝန်ခံများမှ တက်ရောက်ပေးပါရန် ဆွေးနွေးခဲ့ကြပါ သည်။

     ငှက်ဖျားနှင့်ပတ်သက်၍ ရပကနမှ ဆောင်ရွက်နေသော Malaria Elimination Approach အတိုင်း တပ်မတော် နှင့်တပ်မတော် မိသားစုအားလုံး၏ အနည်းဆုံး ၁၀% ငှက်ဖျားရောဂါပိုးစစ်ဆေးပေးပါရန်၊ ငှက်ဖျားပိုး တွေ့ရှိပါက မြို့နယ် သို့မဟုတ် တိုင်း ရပကန သို့ ချက်ချင်းသတင်းပို့ အကြောင်းကြားပေးပါရန်၊ ငှက်ဖျားပိုးတွေ့ လူနာအားလုံးအား National Malaria Treatment Guideline နှင် အညီ ကုသပေးရန် ရှေ့တန်းမထွက်မီနှင့် ရှေ့တန်းပြန်တပ်မတော်သားအားလုံး ငှက်ဖျားရောဂါပိုးသွေးဖောက် စစ်ဆေးပေးရန်၊ ငှက်ဖျားကူးစက်ဒေသတွင် တာဝန်ထမ်းဆောင်သော တပ်မတော်သား နှင့် မိသားစုအားလုံးအား ရပကန မှ တာရှည်ခံဆေးစိမ်ခြင်ထောင် အခမဲ့ ဖြန်ဝေပေးရန်၊ ငှက်ဖျားနှင် ပတ်သက်သော ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအကြောင်း တိုင်း ရပကန မှ တပ်မတော် ဆေးဘက်ဆိုင်ရာအရာ ရှိများအား သင်တန်းပေးရန်၊ လိုအပ်သော Logistic အားလုံးအား တိုင်း ရပကမန မှ တပ်မ တော် ဆေးရုံများအား ထောက်ပံ့ပေးနိုင်ရန်နှင့် တပ်မတော်မှ ဗဟို ရပကန၏ သတင်းပေးပို့မှုပုံစံအတိုင်း အချိန်နှင့်တပြေးညီ သတင်းပေးပို့ အကြောင်းကြားရန်တို့ သဘောတူ ဆွေးနွေးခဲ့ကြပါတယ်။

More Tags