မန္တလေးတိုင်းဒေသကြီးတွင် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် နှလုံးနှင့်သွေးကြော ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ကုသမှု လုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်း (PEN Approach) ကျင်းပပြုလုပ်

မန္တလေး၊ ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ (၁၇) ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲမှ အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် နှလုံးနှင့်သွေးကြောရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ကုသမှု လုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီး အဆင့် ဆရာဖြစ်သင်တန်းကို ၁၆.၁၀.၂၀၁၉ မှ ၁၈.၁၀.၂၀၁၉ ရက်နေ့အထိ မန္တလေးမြို့၊ စွမ်းဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို မန္တလေးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်၊ မကူးစက်နိုင်သော ရောဂါနှိမ်နင်းရေးဌာနခွဲ (နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်း၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး၊ ဒုတိယတိုင်း ဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်ကျန်းမာရေး အရာရှိများ၊ ကျန်းမာရေးမှူးအဆင့်(၁)များ၊ မြို့နယ်သူနာပြုဆရာမကြီးများ စုစုပေါင်း(၉၀)ဦးတက်ရောက်ခဲ့သည်။


     သင်တန်းဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကူးစက်နိုင်သော ရောဂါနှိမ်နင်းရေးဌာနခွဲ (နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဆရာများအဖြစ် မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ (နေပြည်တော်)မှ ဆရာဝန်များ၊ ဆေးတက္ကသိုလ် (၂) ဟော်မုန်းရောဂါ အထူးကု ဌာနမှ ဆရာဝန်ကြီးများ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ နှလုံးရောဂါဌာနမှ ဆရာဝန်ကြီးများ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲ၊ နာတာရှည်အဆုတ်နှင့် အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါစီမံချက်၊ ကင်ဆာရောဂါ တိုက်ဖျက်ရေး စီမံချက်မှ ဆရာဝန်အသီးသီးမှ သင်တန်းပို့ချခဲ့သည်။

More Tags