မန္တလေးတိုင်းဒေသကြီးတွင် မျိုးဆက်ပွားကျန်းမာရေး ဆေးဝါးပစ္စည်းထောက်ပံ့ဖြန့်ဖြူးရေးစနစ် (RHC LS) အတွက် ပထမအကြိမ် တိုင်းဒေသကြီးအဆင့် အရည်အသွေးမြှင့်တင်ရေးအဖွဲ့ (QIT) အစည်းအဝေးကျင်းပ

မန္တလေး                    နို၀င်ဘာလ (၅) ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ၊ UNFPA နှင့် JSI အဖွဲ့တို့ ပူးပေါင်း၍ ပထမအကြိမ် တိုင်းဒေသကြီး အဆင့် အရည်အသွေးမြှင့်တင်ရေးအဖွဲ့(QIT) အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် မန္တလေးမြို့၊ Sakura Princess Hotel ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒုတိယညွှန်ကြားရေးမှူး (မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ) ဒေါက်တာမြင့်မိုရ်စိုး၊ မြို့နယ် (၂၈) မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာ၀န်ခံများ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပါသည်။


 

     အဆိုပါ အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး JSI အဖွဲ့က အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအတွင်း RHC LS အခြေအနေနှင့် လုပ်ဆောင်ချက်များ၊ သက်ဆိုင်ရာမြို့နယ်အလိုက် တင်ပြတွေ့ရှိချက်များကို ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးချက်များနှင့် တွေ့ရှိချက်များအပေါ်တွင် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲနှင့် JSI အဖွဲ့တို့က ပြန်လည်ဆွေးနွေးသုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် အစီအစဉ်ရေးဆွဲခြင်းများ ပြုလုပ်ခဲ့ပြီး ညနေ(၅:၀၀) နာရီတွင် အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


 
 

More Tags