မန္တလေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု (စုပေါင်းလမ်းလျှောက်ပွဲ) ကျင်းပပြုလုပ်

မန္တလေးမြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်

     မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု (စုပေါင်းလမ်းလျှောက်ပွဲ)-ပထမပတ်ကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၇) ရက် နံနက် (၅:၃၀) တွင် စတင်ကျင်းပခဲ့သည်။ စုပေါင်းလမ်းလျှောက်ပွဲကို ၇၃ လမ်း၊ ၂၆ လမ်း၊ မင်္ဂလာတံတားထိပ်မှ စတင်ခဲ့ပြီး ဗထူးအားကစားကွင်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ (၁/၂)တို့အားပြုလုပ်ခဲ့သည်။ အဆိုပါစုပေါင်းလမ်းလျှောက်ပွဲကို မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အပါအဝင်ဌာနဆိုင်ရာမှ ဝန်ထမ်းများနှင့် အများပြည်သူလူထု စုစုပေါင်း (၁၀၀၀)ကျော် ပါဝင်ဆင်နွှဲခဲ့ ကြသည်။

More Tags