မန္တလေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် Regional Coordination Meeting on Leprosy Control (2019) ကျင်းပပြုလုပ်

မန္တလေးမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အနာကြီးရောဂါတိုက်ဖျက်ရေးဌာနစိတ်မှ Regional Coordination Meeting on Leprosy Control (2019) အစည်းအဝေးကို (၄.၁၁.၂၀၁၉) ရက်နေ့မှ (၆.၁၁.၂၀၁၉)ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိသည်။ အဆိုပါအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်၊ Technical Advisor Group အထွေထွေအတွင်းရေးမှူး ဒေါက်တာချန်ထွန်းအောင်၊ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာယုယုဝေ၊ လက်ထောက်ညွှန်ကြားရေးမှူး (တီဘီ/အနာကြီး)ဒေါက်တာချစ်ထူးနှင့် ၊မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များမှပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ အနာကြီးရောဂါတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ အနာကြီးရောဂါစောင့်ရှောက်ရေးမှူးများ တက်ရောက်ကြသည်။

 

     အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကမ္ဘာ့အနာကြီးရောဂါ အခြေအနေနှင့် ကာကွယ်ထိန်းချုပ်ရေး နည်းဗျူဟာများ၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်စိန်ခေါ်မှုများအကြောင်းကို ဒေါက်တာချန်ထွန်းအောင်မှ တင်ပြ ဆွေးနွေးခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအတွင်း အနာကြီးရောဂါ အခြေအနေနှင့် စိန်ခေါ်မှုများကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာချစ်ထူးမှလည်းကောင်း ခရိုင်နှင့်မြို့နယ်အသီးသီးမှ အခြေအနေများကို သက်ဆိုင်ရာ ဆရာဝန်များမှ ခရိုင်/မြို့နယ်အလိုက်ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ စိန်ခေါ်မှုများအပေါ် ဝိုင်းဝန်းဆွေးနွေးအဖြေရှာခြင်းနှင့် အနာဂတ်လုပ်ငန်း အစီအစဉ်များ ရေးဆွဲခြင်း၊ အကြုံပြုချက်များချမှတ်ခြင်းများ လုပ်ဆောင်ကြမည်ဖြစ်သည်။

More Tags