မန္တလေးတိုင်းဒေသကြီးတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း အသိပေးရှင်းလင်းခြင်းနှင့် သင်တန်းကျင်းပ

မန္တလေးမြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်

      မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲ(နေပြည်တော်) ၏ လမ်းညွှန်မှု ဖြင့် မန္တလေးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် “ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း အသိပေးရှင်းလင်းခြင်းနှင့် သင်တန်းကို ၃.၁၂.၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အသိပေးရှင်းလင်းပွဲနှင့်သင်တန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်နှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးကုသရေးနှင့် ဒုတိယပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာယုယုဝေ၊ ဒေါက်တာသင်းသင်းနွယ်၊ မကူးစက်နိုင်သောရောဂါများကာကွယ် နှိမ်နင်းရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသီတာဝင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွယ်ဌာနများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထား သောဧည့်သည်တော်များ နှင့် သတင်းမီဒီယာများတက်ရောက်ခဲ့ကြသည်။

 

     သင်တန်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယ ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာယုယုဝေက အသိပေးရှင်းပွဲနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်သင်တန်းအား ဆက်လက်ကျင်းပခဲ့ပြီး တက်ရောက်လာသော မြို့နယ်အသီးသီးမှ ဆက်လက်လုပ်ဆောင်မည် လုပ်ငန်းစဉ်များကို အဖွဲ့(၃)ခွဲကာ ရေးဆွဲတင်ပြဆွေးနွေးခဲ့သည်။

 
 

More Tags