မန္တလေးတိုင်းဒေသကြီးတွင် ကွင်းဆင်းလုပ်ငန်းအဆင့် ငွေကြေးစီးဆင်းမှု၊ စီမံခန့်ခွဲမှုဆိုင်ရာ မွမ်းမံသင်တန်း (MCF Training 2019) ကျင်းပပြုလုပ်

မန္တလေးမြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်

     မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကွင်းဆင်းလုပ်ငန်းအဆင့် ငွေကြေးစီးဆင်းမှု၊ စီမံခန့်ခွဲမှုဆိုင်ရာ မွမ်းမံသင်တန်း (MCF Training 2019) ပထမအသုတ်ကို ၇.၁၂.၂၀၁၉ မှ ၈.၁၂.၂၀၁၉ရက်နေ့အထိလည်းကောင်း၊ သင်တန်းဒုတိယအသုတ်ကို ၉.၁၂.၂၀၁၉ မှ ၁၀.၁၂.၂၀၁၉ ရက်နေ့အထိလည်းကောင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါသင်တန်းကို မန္တလေးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ ဖြစ်ကြသော ဒေါက်တာသင်းသင်းနွယ်၊ ဒေါက်တာချမ်းငြိမ်းမောင်၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်များ၊ တီဘီ/ငှက်ဖျား/အိတ်အိုင်ဗွီ Focal Personများနှင့် UNOPSမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်သည်။

 

     သင်တန်းဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး UNOPSမှ Finance Specialist ဒေါ်ဥမ္မာရွှေက သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက်သင်တန်းအားဆက်လက်ကျင်းပခဲ့ပြီး တီဘီ/ငှက်ဖျား/အိပ်အိုင်ဗွီ စီမံကိန်းများ၏ Quarterly Workplanများကို သက်ဆိုင်ရာဆရာဝန်များက တင်ပြဆွေးနွေးပြီး UNOPS, Manage Cash Flow Unit မှ ငွေကြေးစီးဆင်းမှု ဆိုင်ရာလုပ်ထုံး လုပ်နည်းများကို မွမ်းမံသင်ကြားပေးသွားမည်ဖြစ်သည်။

More Tags