မန္တလေးတိုင်းဒေသကြီးတွင် Refresher Training on Reproductive Health Commodity Logistics System (RHC LS) ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးမြို့၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်

     မန္တလေးတိုင်းဒေသကြီးတွင် Refresher Training on Reproductive Health Commodity Logistics System (RHC LS) ဖွင့်ပွဲအခမ်းအနားကို (၁၃.၁၁.၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် Hotel Marvel ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     အခမ်းအနားသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(စီမံဘဏ္ဍာ)၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ပြည်သူ့ကျန်းမာ)၊ မန္တလေးခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေး ခရိုင်နှင့်ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား/ သင်တန်းသူများနှင့် JSIမှတာဝန်ရှိသူများ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းအား (၁၃.၁၁.၂၀၁၉)ရက်နေ့မှ (၁၄.၁၁.၂၀၁၉) ရက်နေ့အထိ (၂)ရက်တာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။

More Tags