မန္တလေးတိုင်းဒေသကြီးတွင် Electronic Monthly Implementation Reporting System သင်တန်း ဖွင့်လှစ်

မန္တလေးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၂)ရက်

     မန္တလေးတိုင်းဒေသကြီးတွင် Electronic Monthly Implementation Reporting System သင်တန်း အား မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတွင် ဖွင့်လှစ်လျှက်ရှိရာ  အဆိုပါ သင်တန်း ဖွင့်ပွဲ အခမ်းအနားအား (၁၉-၁-၂၀၂၀)ရက်နေ့တွင် နံနက်(၉:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာသန်းသန်းမြင့်မှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး)မှ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။


     အဆိုပါ ဖွင့်ပွဲအခမ်းအနားအား မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာသန်းသန်းမြင့်၊ ညွှန်ကြားရေးမှူး၊ ဒေါက်တာသီရိနွယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ရုံးချုပ်) မှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့်အဖွဲ့များ၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဗဟိုအဆင့်ဆေးရုံကြီးများမှ သင်တန်းသား/သူများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါ Electronic Monthly Implementation Reporting System သင်တန်းအား မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ဗဟိုအဆင့်ဆေးရုံကြီးများနှင့် ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ငွေစာရင်းကိုင်များအား ဌစပုံစံများကို သမာရိုးကျနည်းဖြင့် စာရင်းရေးသွင်းနေရာမှ Electronic System သို့ ပြောင်းလဲ၍ လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ရန် ရည်ညွှယ်၍ (၁၉-၁-၂၀၂၀)ရက်နေ့မှ (၂၄-၁-၂၀၂၀) ရက်နေ့အထိ (၆)ရက် ဖွင့်လှစ်မည်ဖြစ်ပါသည်။

More Tags