မန္တလေးခရိုင် (၇) မြို့နယ်အတွင်း ၂၀၁၈ ခုနှစ်အတွက် မိခင်မှ ကလေးသို့ HIV နှင့် ကာလသားရောဂါပိုး ကာကွယ်တားဆီးရေးစီမံချက်နှင့်ပတ်သက်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေး၊ ဒီဇင်ဘာလ (၂၁)

     မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသား​ရောဂါတိုက်ဖျက်ရေး အဖွဲ့(မန္တလေး) သည် မန္တလေးခရိုင် (၇) မြို့နယ်အတွင်း ၂၀၁၈ ခုနှစ်အတွက် မိခင်မှကလေးသို့ HIV နှင့် ကာလသားရောဂါပိုး ကာကွယ်တားဆီးရေး စီမံချက် (Township PMTCT) နှင့်ပတ်သက်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေး ခန်းမ၌ ဒီဇင်ဘာလ (၂၁) နံနက် (၉: ၀၀) နာရီတွင် ကျင်းပခဲ့သည်။


 

     အစည်းအဝေးတွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ၊ ဒေါက်တာသန်းသန်းမြင့် မှ PMTCT လုပ်ငန်းများတွင် သားဖွားဆရာမများ၏ ကဏ္ဍသည် အဓိကကျကြောင်း ၊ စီမံချက်မှလည်း HIV နှင့် VDRL Test kit များ လုံလောက်စွာ ပေးထားပြီးဖြစ်သည့်အတွက် ကိုယ်ဝန်ဆောင် မိခင်တိုင်းကို နှစ်သိမ့်ဆွေးနွေးပြီး သွေးဖောက်စစ်ဆေးရန် မဖြစ်မနေကြိုးစား လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၊ HIV ပိုးတွေ့ ကိုယ်ဝန်ဆောင်မိခင်များကိုလည်း Confirmed positive ဖြစ်ပါက မိမိတို့မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ART ဆေးများ စတင်တိုက်ကျွေးနိုင်ရန် ဝန်ကြီးဌာနမှ ခွင့်ပြုချက်နှင့်အတူ ဆေးများလည်း ဖြန့်ဝေ ပေးထားပြီးဖြစ်ကြောင်း ၊ PMTCT လုပ်ငန်းများသည် ပိုးတွေ့ရှိချိန်မှစ၍ ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန် ၊ နို့တိုက်ကျွေးချိန် ၊ ကလေး(၁၈) လရောက်သည်အထိ ကာလတစ်ခုလုံး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများသည် သူနာပြုသားဖွားဆရာမများနှင့် မြို့နယ် ကျန်းမာရေးဌာနမှ ဆရာဝန်၊ ဆရာမများအားလုံး အထူးဂရုစိုက် ကုသပေးရန်နှင့် စီမံချက်မှ ချမှတ်ထားသော SOP နှင့် Guideline များအတိုင်း ဆောင်ရွက်ကြမှသာ ရည်မှန်းချက်ဖြစ်သော (၂၀၂၅) ခုနှစ်တွင် မိခင်မှကလေးသို့ HIV နှင့် ကာလသားရောဂါ ကူးစက်မှု လုံးဝပပျောက်ရေး (Elimination of Mother to Child HIV/VDRL Transmission)ရရှိမှာဖြစ်ကြောင်း လမ်းညွှန်မှာ ကြားခဲ့သည်။

     ၎င်းနောက် လက်ထောက်ညွှန်ကြားရေးမှူး (ခုခံကျ/ကာလသား) မန္တလေးတိုင်းဒေသကြီးမှ မန္တလေးခရိုင် (၇) မြို့နယ်အတွင်း သက်ဆိုင်ရာမြို့နယ်အလိုက် Township PMTCT ကဏ္ဍတွင် အားနည်းချက်/ အားသာချက်များကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ ၊ သက်ဆိုင်ရာ Focal Person (THN) များနှင့် သားဖွားဆရာမများမှ အခက်အခဲများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

More Tags