မင်းတပ်မြို့တွင် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး အကြိုဟောပြောပွဲပြုလုပ်

မင်းတပ်မြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်

     ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာထန်နှင်းလျန်၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် (ကျောင်းကျန်းမာ)နှင့် မင်းတပ်မြို့နယ် ကျောင်းကျန်းမာရေးအဖွဲ့တို့အတူ ပူးပေါင်း၍ ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး အကြိုဟောပြောပွဲများကို မင်းတပ်မြို့ရှိ အထက (၁)၊ အထက (၂)၊ အထက (၃)၊ အထကခွဲ (တပ်မြေ) နှင့် အထကခွဲ (စိချဲ့) ကျောင်းများ တွင် (၁၃-၈-၂၀၁၉) နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး နေ့လယ်ပိုင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများကို ကျောင်းအသီးသီး၌ ဆက်လက်ကျင်းပခဲ့ပါသည်။

More Tags