မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်မြို့၊ စက်တင်ဘာ (၂၁)ရက်

     (၂၁.၉.၂၀၁၈)ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်နှင့် ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင် တို့မှ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ မင်္ဂလာဒုံမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမာနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်နေမှု များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးမှ လိုအပ်ချက်များကို မေးမြန်း၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

 

 

 

 

 

 

More Tags