မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင် ပါဝင်သော ကာကွယ်ဆေး(Penta4)ကို ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ(၂၈)ရက်

     (၂၈.၁.၂၀၂၀)ရက်နေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်မာရေးဦးစီးဌာနတွင်  ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ပါဝင်သော ကာကွယ်ဆေး(Penta4)ကို ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။


     အဆိုပါလုပ်ငန်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝ၊ မြို့နယ် ပြည်သူ့ကျန်းရေးဦးစီးဌာနမှ ‌လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းဝင်းမာ တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းအသိပေးဆွေးနွေးပွဲသို့ မြို့နယ်အတွင်းမှ မြို့နယ် အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပ်မတော်မှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရာအိမ်မှူးများ၊ မိခင်ကလေးအဖွဲ့ဝင်များ၊ ရပ်ကျေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ လူဉီးရေစုစုပေါင်း (၁၅၀) ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသောသူများမှ သိရှိလိုသော အချက်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ ပါသည်။

More Tags