မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဘုန်းတော်ကြီးသင် ပညာသင်ကြားရေး ကျောင်း၌ ကျောင်းသားများအား ကျန်းမာရေး စစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ(၂၇)ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (၂၇.၁.၂၀၂၀)ရက်‌နေ့၊ နံနက် (၉:၀၀)နာရီမှစ၍ ထောက်ကြန့်‌ ကျေးလက်ကျန်းမာ‌‌ရေးဌာန၊ တောတိုက် ကျေးလက်ကျန်းမာရေးဌာနခွဲ အပိုင်ရှိ တောတိုက်ဓမ္မရိပ်သာ ဘုန်းတော်ကြီး သင်ပညာ သင်ကြားရေးကျောင်း၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်‌ ဆောင်ရွက်နိုင်ရန်နှင့်‌ ဆယ်ကျော်သက်နှင့်ကျောင်းသားလူငယ်များ ကျန်းမာရေးအသိပညာ တိုးတက်လာစေရန် ရည်ရွယ်၍၊  ကျောင်းအ‌ခြေပြုကျန်းမာရေးအသိပညာမြှင့်တင်‌ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။

 


     အဆိုပါလုပ်ငန်းတွင် အလယ်တန်း ကျောင်းသူ၊သီလရှင်(၁၅၆)ဦးတို့ကို ပျိုရွယ်သူ မျိုးဆက်ပွားကျန်းမာရေး၊ Menstrual hygiene နှင့် personal hygiene(လက်ဆေးနည်း)တို့ကို သရုပ်ဖော် သင်ကြားပေးခြင်း၊ မူလတန်း ကျောင်းသား၊ကျောင်းသူ (၁၂၄)ဦးတို့ကို ကျန်းမာရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်၍ မူလတန်းကျောင်းသား ကျောင်းသူ(၂၆၅)ဦးတို့ကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသခြင်း၊ သွားနှင့်ခံတွင်း‌ရောဂါများ စစ်ဆေးခြင်းနှင့် ကုသခြင်းတို့ကိုကျောင်းကျန်းမာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြပါသည်။

 

 

More Tags