မင်္ဂလာဒုံမြို့နယ်တွင် (၂၀၁၉)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလူထုလှုပ်ရှားမှု အခမ်းအနားကျင်းပ

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၂၀) ရက်

     (၂၀-၈-၂၀၁၉) ရက်နေ့၊ နံနက် (၉) နာရီတွင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ထောက်ကြန့်ကျေးလက်ကျန်းမာရေးဌာန၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လုပ်ငန်း လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။ အဆိုပါလူထုလှုပ်ရှားမှု၌ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းဝင်းမာ၏ ဦးဆောင်မှုဖြင့် ကိုယ်ဝန်ဆောင်အာဟာရနှင့် မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ တက်ရောက်လာသူများကို မေးခွန်းများမေးမြန်းခြင်း၊ ဖြေဆိုနိုင်သူများအား လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား သံဓါတ်ဆေးဝါးများနှင့် အဏုအာဟာရ ဆေးဝါးများပေးခြင်း၊ နို့တိုက်မိခင်များအား ဗီတာမင်ဘီဝမ်း ဆေးဝါးများပေးခြင်း၊ ငါးနှစ်အောက်ကလေးများအား အာဟာရမှုန့်များ ထောက်ပံ့ပေးခြင်း၊ သန်ချဆေးနှင့် ဗီတာမင်အေ တိုက်ကျွေးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထိုလူထုလှုပ်ရှားမှုအခမ်းအနားသို့ ကိုယ်ဝန်ဆောင်မိခင်များ၊ ငါးနှစ်အောက် ကလေးများနှင့် အခြေခံကျန်းမာရေး ပညာရှင်များ စုစုပေါင်း (၁၀၂) ဦး တက်ရောက်ခဲ့ပါသည်။

More Tags