မင်းကင်းမြို့နယ်ရှိ ကျေးရွာများသို့ တီဘီရောဂါ နယ်လှည့်ကွင်းဆင်း ရှာဖွေခြင်းလုပ်ငန်း ဆောင်ရွက

မင်းကင်းမြို့၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် မင်းကင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂.၁၂.၂၀၁၉) ရက်နေ့မှ (၆.၁၂.၂၀၁၉) ရက်နေ့ထိ မင်းကင်းမြို့နယ်အတွင်းရှိ ကြွေရွာ၊ တုံရွာ၊ တင်ဘက်ရွာ၊ ကြာပင်ရွာနှင့် ညောင်ကုန်းရွာများသို့ ‌ကျေးရွာပေါင်း (၁၃၉) ရွာ လူဦးရေပေါင်း (၁၃၉၁၀) ဦးကို လွှမ်းခြုံကာ(၅)ရက်ကြာ ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပါသည်။

 

     စုစုပေါင်းကျန်းမာရေးစောင့်ရှောက်မှုခံယူသူ (၉၉၈)ဦး အနက်မှ (၉၂၃)ဦး ကို ဓါတ်မှန်ရိုက် စစ်ဆေးပြီး (၂၀၉)ဦးကိုသလိပ်စစ်ဆေးပေးခဲ့ရာ သလိပ်ပိုးတွေ့လူနာ(၇)ဦးအပါအဝင် တီဘီလူနာစုစုပေါင်း (၂၆)ဦးကိုရှာဖွေကုသပေးခဲ့ပြီး သက်ဆိုင်ရာ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ချိတ်ဆက်၍ တီဘီဆေးကုသမှုခံယူနိုင်ရန် စီစဉ်ပေးခြင်း၊ အခမဲ့ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာ ပေးခြင်း၊ သွေးတိုး ၊ ဆီးချို နှင့် HIV စစ်ဆေးပေးခြင်း များ ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

More Tags