မကွေးမြို့နယ်တွင် Regional Consultation Meeting for National Sanitation and Hygiene Policy Development အစည်းအဝေး ကျင်းပ

မကွေး၊ ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅) ရက်

     မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် UNICEF အဖွဲ့တို့ပူးပေါင်း၍ Regional Consultation Meeting For National Sanitation and Hygiene Policy Development အစည်းအဝေးပွဲကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၁၅.၈.၂၀၁၉) ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးပွဲတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 

     ထို့နောက် UNICEF မှ National Consultant ဒေါက်တာမင်းသန်းညွန့်နှင့် WASH Officer ​ဒေါက်တာ မြသန်းထွန်း တို့က Rural Sanitation and Hygiene Policy (2019-2030) နှင့် Sanitation and Hygiene Costed Implementation Plan (2019-2030) တို့အား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသော နှီးနွယ်ဌာနများ၏ ကိုယ်စားပြုပုဂ္ဂိုလ်များမှ အကြံပြုမေးမြန်းမှုများ ပြုလုပ် ခဲ့သည်။ အစည်းအဝေးပွဲသို့ နှီးနွယ်ဌာန (၉) ခုမှ ကိုယ်စားပြုပုဂ္ဂိုလ်များနှင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် (၁၅) ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

More Tags