မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်တွင် လက်တလော အာဟာရချို့တဲ့မှု ဘက်စုံကုသ စောင့်ရှောက်ခြင်း ဆိုင်ရာကုထုံး မြို့နယ်အဆင့်သင်တန်း ကျင်းပ

သရက်၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ (၁၀) ရက်

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် လက်တလောအာဟာရချို့တဲ့မှု ဘက်စုံကုသ စောင့်ရှောက်ခြင်းဆိုင်ရာကုထုံး မြို့နယ်အဆင့် သင်တန်းကို (၁၀-၉-၂၀၁၉) ရက်နေ့တွင် စတင် ကျင်းပရာ သရက်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှထွန်း က အဖွင့်အမှာစကား ပြောကြားပါသည်။

 

     ထို့နောက် တိုင်းဒေသကြီးအာဟာရဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာကျော်သီဟ မှ လက်တလောအာဟာရ ချို့တဲ့မှု ဘက်စုံကုသ စောင့်ရှောက်ခြင်းဆိုင်ရာ ကုထုံးသင်တန်းအကြောင်း ရှင်းလင်း ပြောကြားပါသည်။ အဆိုပါသင်တန်းကို (၁၀-၉-၂၀၁၉) မှ (၁၅-၉-၂၀၁၉) ရက်နေ့အထိ (၃) ရက်လျှင် တစ်သုတ်ဖြင့် သရက်မြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးပညာရှင်များ အားလုံးကို ပို့ချသွားမည်ဖြစ် ပါသည်။

More Tags