မကွေးတိုင်းဒေသကြီး လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲကျင်းပ

မကွေးမြို့၊ မတ်လ (၁၂) ရက်

     မကွေးတိုင်းဒေသကြီး၊ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မတ်လ (၁၂) ရက် မှ မတ်လ (၁၃) ရက်နေ့အထိ ကျင်းပသည်။

     အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက မကွေးတိုင်းဒေသကြီး၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန် ပြီးပြည့်သူများ အားကိုး ရသည့် ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရန်အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ရန်နှင့် ယခုအခါ စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေးသတင်းစနစ် (E-HMIS) ကို အသုံးပြုနေပြီဖြစ်ရာ မြို့နယ်၊ ခရိုင်၊ ဆေးရုံများနှင့် ကျန်းမာရေးဌာနများအဆင့်ဆင့်မှ ပေးပို့လာသော အချက်အလက်ကိန်းဂဏန်းများအတိုင်း အခြေခံပြီး မိမိတို့ဆောင်ရွက်ခဲ့သော လုပ်ငန်းအပေါ် ဆန်းစစ်သုံးသပ်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

 

     အစည်းအဝေးသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး၊ ဒု-တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ အခြားအဆင့် ကျန်းမာရေးဝန်ထမ်းများ၊ NGO, INGO မှ ကိုယ်စားလှယ်များ တက်ရောက်သည်။

More Tags