မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် Moblie Tablet များအသုံးပြု၍ နယ်လှည့်ကွင်းဆင်း ဆေးကုသမှု နှင့် ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်

မကွေးမြို့၊ မေလ (၁၉) ရက်

     မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မြင့်ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ(အခြေခံကျန်းမာ) ဦးစီးအရာရှိ (သွားကျန်းမာ) မြို့နယ်သူနာပြုအဆင့်(၁) ကျန်းမာရေးမှူးအဆင့် (၁) လက်ထောက်ကျန်းမာရေးမှူးများ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) များ၊ ကြီးကြပ် (၂) များသည် ဒန့်ဒလွန်ပင် RHC မှ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ အကူအညီဖြင့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပန်းတောကျေးရွာ သို့ သွားရောက်၍ Moblie Tablet များအသုံးပြု၍ ကျန်းမာရေးပညာပေးခြင်း နှင့် ကွင်းဆင်းဆေးကုသခြင်များဆောင်ရွက်ခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ မကူးစက်တတ်သော ရောဂါများအကြောင်းနှင့် နေထိုင်မှုပုံစံများကိုလည်းကောင်း၊ ဦးစီးအရာရှိ (အခြေခံကျန်းမာ) မှ ဒေါက်တာ ရဲလင်းကျော်မှ စပ်ဆေးများ၏အန္တရာယ် အကြောင်းကိုလည်ကောင်း၊ မြို့နယ်သူနာပြုအဆင့် (၁) ဦးဖုန်းနန္ဒကျော်မှ အပူဒဏ်အန္တရာယ်အကြောင်း ကိုလည်းကောင်း၊ ဦးစီးအရာရှိ (သွားကျန်းမာ) ဒေါက်တာ သဉ္ဇာထွန်းမှ စနစ်မှန်သွားတိုက်နည်းနှင့် သွားကျန်းမာရေး အရေးကြီးပုံကိုလည်ကောင်း၊ လက်ထောက်အနာကြီးမှူး ဦးမင်အောင်းမှ အနာကြီးရောဂါအကြောင်းကိုလည်းကောင်း အသီးသီး HE ပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

 

     ၎င်းနောက် ဆေးကုသမှုများ ဆောင်ရွက်ခဲ့ရာ ပန်းတောကျေးရွာသူ/သားများအပြင် အနီးတဝိုက်ရှိ ကျေးရွာများမှ လာရောက်၍ဆေးကုသမှုခံယူကြရာ စုစုပေါင်း လူနာဦးရေ ၂၀၀ နီးပါးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပါသည်။

More Tags