မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ဟိုပင်ထမင်းဆိုင်တွင် Covid-19 ရောဂါ ကာကွယ်တားဆီး ရေးလုပ်ငန်းအဖြစ် ဆေးဖြန်းခြင်းဆောင်ရွက်

ပခုက္ကူမြို့၊၂၀၂၀ပြည့်နှစ်၊မတ်လ(၂၈)ရက်

     ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် Covid-19 ပိုးတွေ့လူနာ (၁၇.၃.၂၀၂၀) ရက်နေ့တွင် ဝင်ရောက်စားသောက်ခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ဟိုပင်ထမင်းဆိုင်နှင့် လူနာအား သယ်ဆောင်လာသည့် ယာဉ်အား ပခုက္ကူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှဝန်ထမ်းများမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန၊ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဉီးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ Covid-19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းအဖြစ် ၂၀၂၀ ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် ဆေးဖြန်းခြင်း ဆောင်ရွက်ခဲ့ပြီး ဆိုင်ရှင်အပါအဝင် ဝန်ထမ်း (၁၀) ယောက် အနက် (၄) ဉီးအား Home Quarantine၊ (၆)ဦး အား Facility Quarantine တွင် ထားရှိကာ စောင့်ကြပ် ကြည့်ရှုလျက် ရှိပါသည်။

 

 

More Tags