မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Eni Foundation တို့ပူးပေါင်း၍ Quality AN Care Training ကျင်းပပြုလုပ်

မကွေး၊ ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၉) ရက်

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ နန်းထိုက်သူဟိုတယ်တွင် (၁၉.၈.၂၀၁၉) ရက်နေ့မှ (၂၁.၈.၂၀၁၉) ရက်နေ့ထိ Quality AN Care Training ကို ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ကျင်းပခဲ့ပါသည်။ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာရဲမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ Quality AN Care Training တွင် သင်တန်းဆရာများအဖြစ် ဒေါက်တာဥမ္မာအေး (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါက်တာအောင်လွင်၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်(မိခင်နှင့်မျိုးဆက်ပွား)၊ ဒေါက်တာဝင်းမင်းသန့်၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် (ခုခံကျ / ကာလသား) တို့မှ သင်တန်းပို့ချပေးခဲ့သည်။

 

     အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မကွေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦ:စီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန်၊ မကွေး၊ မြို့သစ်၊ မင်းလှမြို့နယ်များမှ လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေး ဆရာမများ၊ သားဖွားဆရာမများနှင့် Eni Foundation မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

 

More Tags