မကွေးတိုင်းဒေသကြီးတွင် အခြေခံကျန်းမာရေး ၀န်ထမ်းများအတွက် “နှလုံးနှင့် နှလုံးသွေးကြော ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်မှု လုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဆရာဖြစ် သင်တန်း (PEN Approach)” ဖွင့်ပွဲအခမ်းအနားကျင်းပ

မကွေးမြို့၊၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၈)ရက်

     မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲနှင့် HelpAge International  အဖွဲ့တို့ပူးပေါင်း၍ အခြေခံကျန်းမာရေး ၀န်ထမ်းများအတွက် နှလုံးနှင့် နှလုံးသွေးကြော ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်မှု လုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်း(PEN Approach) ဖွင့်ပွဲအခမ်းအနားကို မကွေးမြို့ နန်းထိုက်သူဟိုတယ်တွင် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကျင်းပသည်။ အဆိုပါသင်တန်းကို အခြေခံကျန်းမာရေး ၀န်ထမ်းများမှ တစ်ဆင့် ပြည်သူလူထုအတွင်း ဆီးချို၊သွေးတိုးနှင့် ကင်ဆာရောဂါများ အစရှိသော အဓိက မကူးစက်နိုင်သော ရောဂါများအား စနစ်တကျ ရှာဖွေစစ်ဆေး ကုသညွှန်းပို့မှုများ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်သည်။


     အခမ်းအနားသို့  မကွေးတိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်နှင့် တာ၀န်ရှိပုဂ္ဂိုလ်များ၊ မကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းနှင့် သင်ကြားရေး အဖွဲ့၀င်များ၊ မြို့နယ်များမှ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်မှ အဖွင့်အမှာစကားအဖြစ် မကူးစက်နိုင်သောရောဂါများ ပိုမိုဖြစ်ပွားလာမှုနှင့် မကူးစက်ရောဂါ၏ အန္တရာယ်များ၊ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။

More Tags