မကွေးတိုင်းဒေသကြီးတွင် “တီဘီရောဂါရှာဖွေကုသမှုနှင့်ပတ်သတ်၍ မဖြစ်မနေသတင်းပေးပို့ခြင်း” အသိပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

မကွေးမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်

     မကွေးတိုင်းဒေသကြီးတွင် “တီဘီရောဂါ ရှာဖွေကုသမှုနှင့်ပတ်သတ်၍ မဖြစ်မနေသတင်းပေးပို့ခြင်း” (Advocacy on Mandatory TB Case Notification ) အသိပေးဆွေးနွေးပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးအစည်းအဝေးခန်းမ၌ (၆-၁၁-၂၀၁၉) ရက်နေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ဆွေ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ မကွေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများနှင့်မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ကြသည်။

 

     အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၄င်းနောက် မကွေးတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဆရာဝန်ကြီး ဒေါက်တာသဉ္ဇာမင်း (လက်ထောက်ညွှန်ကြားရေးမှူး)မှ တီဘီရောဂါရှာဖွေကုသမှုနှင့်ပတ်သက်၍ မဖြစ်မနေ သတင်းပေးပို့ခြင်း (Mandatory TB Case Notification) အကြောင်းအရာများကို ရှင်းလင်းတင်ပြပြီး အခမ်းအနား တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

More Tags