မကွေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် မိခင်သေဆုံးမှု စောင့်ကြည့်တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

မကွေးမြို့၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်

     မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လအထိ တိုင်းဒေသကြီးအဆင့်မိခင်သေဆုံးမှု စောင့်ကြည့်တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ အစည်းအဝေးကို (၁၃.၉.၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေး၏ ရည်ရွယ်ချက်မှာ မိခင်သေဆုံးမှု ဖြစ်စဉ်များအား သုံးသပ်ရန် ကာကွယ်၍ရသော မိခင်သေဆုံးမှုများ အလားတူထပ်မံမဖြစ်စေရန်နှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်။

 

     အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာန အဖွဲ့ ခေါင်းဆောင်ဆရာဝန် ဒေါက်တာအောင်လွင်မှ မိခင်သေဆုံးမှုတစ်ဦးခြင်းစီအလိုက် (Case Analysis) များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ မကွေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်တွင် မိခင်သေဆုံးမှု (၇၉) ဦး၊ ၂၀၁၈ ခုနှစ်တွင် (၆၂) ဦး ရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ် ဇွန်လအထိ မိခင်သေဆုံးမှု (၃၀) ဦး ရှိကြောင်း သိရသည်။

     အဆိုပါအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး နှင် လက်ထောက်ညွှန်ကြားရေးမှူးများ၊ မကွေး၊ မင်းဘူး၊ သင်ကြားရေးဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ မှုခင်း ဆရာဝန်ကြီး၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ လက်ထောက် ညွှန်ကြားရေးမှူး(သူနာပြု)၊ သူနာပြုအုပ် (မကွေးဆေးရုံကြီး)၊ UNFPA မှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၆) ဦး တက်ရောက်ခဲ့ပါသည်။

More Tags