မကွေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် Review Meeting on HIV Prevention Services ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

မကွေး၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၉) ရက်

     မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လထိ ဆောင်ရွက်ပြီးစီးခဲ့သော အိပ်ချ်အိုင်ဗွီကာကွယ်ရေး လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်ဖြစ်သော မြန်မာ နိုင်ငံအတွင်း အိပ်ချ်အိုင်ဗွီကာကွယ်ရေးဆိုင်ရာ ကွင်းဆင်း၀န်ဆောင်မှုများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ရန်အတွက် အမျိုးသမီးလိင်လုပ်သမားများ၊ အမျိုးသားချင်းချစ်ခင်သူများ၊ အမျိုးသမီးကဲ့သို့ ပြုမူ နေထိုင်သူများအတွက် လက်တွေ့ဆောင်ရွက်နိုင်ရန် အစီအစဉ်များရေးဆွဲခြင်းနှင့် ကြုံတွေ့လာနိုင်သော အခက်အခဲများအား ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ပူးပေါင်းအဖြေရှာခြင်း လုပ်ငန်းစဉ်များ ညှိနှိုင်း ဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာလ (၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီမှ (၅:၀၀) နာရီ အထိကျင်းပပြုလုပ်ခဲ့ပါသည်။

 

 

     အဆိုပါ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာမို့မို့စိမ်း က အဖွင့်အမှာစကားပြောကြားပြီး ( ၂၀၁၉ ဇန်နဝါရီလမှ သြဂုတ်လအထိ) မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခဲ့သော HIV ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးပါသည်။ ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်လာသော မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၅) မြို့နယ်မှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် မြို့နယ်အသီးသီးမှ အိပ်ချ်အိုင်ဗွီ ကာကွယ်ရေး လုပ်ငန်းတာ၀န်ခံများမှ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများကို တင်ပြဆွေးနွေးကြပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာမို့မို့စိမ်း က နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

More Tags