မကွေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် Multiplier Training For MDR –TB Management သင်တန်းကျင်းပပြုလုပ်

မကွေး၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁)ရက်

     တိုင်းဒေသကြီးအဆင့် Multiplier Training For MDR –TB Management  သင်တန်းကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန  သင်တန်းခန်းမတွင် (၁.၈.၂၀၁၉)ရက်နေ့၊နံနက်(၉:၀၀)နာရီတွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။


 

     အဆိုပါသင်တန်းတွင် MDR-TB Management ပတ်သက်သည့် သင်ခန်းစာများကို မကွေးတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဆရာဝန်ကြီး ဒေါက်တာသဉ္ဇာမင်း (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါက်တာဇော်လှိုင်တိုး(အထူးကုဆရာဝန်(ဆေးပညာ))၊ ဒေါက်တာဇင်မာဝင်း(အထူးကုဆရာဝန်(ကလေး))နှင့် ဒေါက်တာတင်အောင်ချို (အဖွဲ့ခေါင်းဆောင် ဆရာဝန်(တီဘီ/အနာကြီး) )မှ သင်တန်းများပို့ချခဲ့သည်။


     သင်တန်းတွင် မကွေးတိုင်းဒေသကြီးအတွင်း(၂၅)မြို့နယ်မှ မြို့နယ်ဆရာဝန်ကြီးများ၊ တိုက်နယ်ဆရာဝန်များ၊လက်ထောက်ဆရာဝန်များ၊ မြို့နယ်တီဘီရောဂါတာဝန်ခံ ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ကြပြီး (၁.၈.၂၀၁၉) မှ (၃.၈.၂၀၁၉)ရက်နေ့အထိ (၃)ရက်တာ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။

More Tags