မကွေးတိုင်းဒေသကြီးတွင် ဆေးဘက်ကျွမ်းကျင်(၃)/(၄) ဝန်ထမ်းများအားဆေးနှင့်ဆေးပစ္စည်းသိုလှောင်ထိန်းသိမ်းရေးမွမ်းမံသင်တန်း (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေး၊ မေလ(၂၄)ရက်

      မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ မြို့နယ်ဆေးရုံ၊  တိုက်နယ်ဆေးရုံများမှ
ဆေးဘက်ကျွမ်းကျင်(၃)/(၄) ဝန်ထမ်းများအားဆေးနှင့်ဆေးပစ္စည်းသိုလှောင်ထိန်းသိမ်းရေးမွမ်းမံသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို (၂၄-၅-၂၀၁၉) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
 


 

     ဖွင့်ပွဲအခမ်းအနားတွင်မကွေးတိုင်းကျန်းမာရေးဦးစီးဌာနမှူးကိုယ်စား ညွှန်ကြားရေးမှူး (ကုသရေး)မှအမှာစကား ပြောကြားရာ သင်တန်းသူ၊သင်တန်းသားများအား ဆေးနှင့်ဆေးပစ္စည်းများသိုလှောင်ထိန်းသိမ်းရာတွင် အဓိကအချက် အနေဖြင့်အရည်အသွေးထိန်းသိမ်းခြင်း၊ သက်တမ်းလွန်ဆေးဝါးများမဖြစ်စေရေးနှင့် ဆေးဝါးလေလွင့်မှု လျော့နည်း စေခြင်း၊ဆေးနှင့်ဆေးပစ္စည်းမှတ်တမ်း၊ အချက်အလက်Dataများတိကျမှန်ကန်ခြင်း စသောအချက်များသည် အရေးကြီး ပါကြောင်း၊ သင်တန်းသူ/သင်တန်းသားများသည် ဆေးကုသရေးလုပ်ငန်းစဉ်တွင် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေပါသဖြင့် အစဉ်အမြဲတိုးတက်အောင်ကြိုးစားကြစေလိုကြောင်း၊ အချင်းချင်းချိတ်ဆက်ဆောင်ရွက်ပြီး တာဝန်ရှိ သူများမှတဆင့် ပိုနေသောဆေးများအား လိုနေသောကျန်းမာရေးဌာနများသို့ reallocateလုပ်ဆောင်ခြင်းအားဖြင့် ဆေးများလေလွင့်မှုလျော့နည်းစေမှာဖြစ်ပါကြောင်း၊ဆေးဝါးမှတ်တမ်းအချက်အလက်များအား တိကျမှန်ကန်စွာ ပြုစု ရမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ သင်တန်းသားသင်တန်းသူ ၁၁၃ ဦးအား နှစ်သုတ်ခွဲ၍  ပထမအသုတ်ကို မေလ ၂၄-၂၅ နေ့များတွင်လည်းကောင်း၊ ဒုတိယ အသုတ်ကို မေလ ၂၇-၂၈ နေ့များတွင်လည်းကောင်း ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

More Tags