မကွေးတိုင်းဒေသကြီးတွင် ကမ္ဘာ့ဘဏ် အစီအစဉ်ဖြင့် ကျင်းပပြုလုပ်သော Electronic Monthly Implementation Report System သင်တန်းပြုလုပ်

မကွေးမြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၁)ရက်

    မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတွင် ကမ္ဘာ့ဘဏ်အစီအစဉ်ဖြင့်ကျင်းပပြုလုပ်သော Electronic Monthly Implementation Report System သင်တန်းကို (၁၁.၈.၂၀၁၉)ရက်နေ့မှ (၁၃.၈.၂၀၁၉) ရက်နေ့ထိ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။


 

     အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာမြို့နယ် (၂၅)မြို့နယ်မှ ငွေစာရင်းကိုင်များအား Electronic E-mail System ဖြင့် ထဆ သွင်းခြင်းဆိုင်ရာ သင်ခန်းစာများ ပို့ချခဲ့သည်။ သင်တန်းသား (၅၇)ဦး တက်ရောက်ခဲ့သည်။ သင်တန်းဆရာများအဖြစ် ကမ္ဘာ့ဘဏ်မှ သင်တန်းဆရာ(၄)ဦး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သင်တန်းဆရာ (၃)ဦး၊ နေပြည်တော်ကုသရေးဦးစီးဌာနမှ သင်တန်းဆရာ (၃)ဦး တို့မှ သက်ဆိုင်သင်ခန်းစာ များကို သင်ကြားပို့ချခဲ့သည်။

 

More Tags