မကွေးတိုင်းဒေသကြီးတွင် Training on Health Education Methodology, Communication and Community Mobilization သင်တန်း ကျင်းပ

မကွေးမြို့၊ မေလ (၁၅) ရက်

     မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ Eni Foundation နှင့် Progetto Continenti အဖွဲ့တို့ပူးပေါင်း၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ အတွက် Training on Health Education Methodology, Communication and Community Mobilization သင်တန်းကို မကွေးမြို့၊ ထိန်ထိန်သာဟိုတယ်တွင် (၁၅.၅.၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီ ကျင်းပခဲ့ပါသည်။

 

     အဆိုပါ သင်တန်းဖွင့်ပွဲတွင် မကွေတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးက အဖွင့်အမှာစကားပြောကြားသည်။ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးက ဤသင်တန်းသည် မကွေးတိုင်းဒေသကြီးအတွင်းမှ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် အလွန်အရေးကြီးသော၊ မရှိမဖြစ်သော ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖြစ်ပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အကျိုးရှိစွာဖြင့် စနစ် တကျ ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ အခြေခံကျန်မာရေးဝန်ထမ်းများ ကွင်းဆင်းပညာပေး လုပ်ငန်းများ၊ လုထုစကားဝိုင်းများဖြင့် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ယခုဆောင်ရွက်သော သင်တန်းမှရရှိသော ကျန်းမာရေးအသိပညာပေးခြင်း၊ ကျွမ်းကျင်မှုများ၊ လူထုချင်းကပ် နည်းပညာများ ထိရောက်သော ဆက်သွယ်ခြင်း ပညာရပ်များကို ထိထိမိမိ သင်ကြားကာဆောင်ရွက် သွားရန် ဖြစ်ကြောင်း ဆွေးနွေးသွားပါသည်။ ထို့နောက် Eni Foundation မှ Project Coordinator Mrs.Yina Xiao မှ နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

     ပြည်သူလူထု၏ အပြုအမူဆိုင်ရာ အခြေခံသဘောတရားများ၊ ဆက်သွယ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ လူထုအခြေပြုချဉ်းကပ်ခြင်းဆိုင်ရာ ဘာသာရပ်များ၊ ကျန်းမာရေးပညာပေး နည်းလမ်းများ၊ မြို့နယ်အဆင့် စီမံချက်ရေးဆွဲခြင်းဆိုင်ရာ အချက်အလက်များအား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျွမ်းကျင်သူ သင်တန်းဆရာများမှ စာတွေ့ လက်တွေ့များဖြင့် (၁၅.၅.၂၀၁၉) ရက်နေ့မှ (၁၇.၅.၂၀၁၉) ရက်နေ့ထိ (၃) ရက်တာ ဆက်လက်ကျင်းပသွားမည် ဖြစ်ပါသည်။

More Tags