မကွေးတိုင်းဒေသကြီးတွင် Regional Annual Review Meeting (2019)(CBMDRTBC Project) အစည်းအဝေး ကျင်းပ

မကွေးမြို့ ၊ ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ (၃) ရက်

     မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် The Union အဖွဲ့တို့ပူးပေါင်း၍ Regional Annual Review Meeting (2019) (CBMDRTBC Project ) အစည်းအဝေးကို မကွေးမြို့၊ နန်းထိုက်သူဟိုတယ်၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ အဖွင့်မှာစကားပြောကြားခဲ့သည်။

 

     ၎င်းနောက် တိုင်းဒေသကြီးတီဘီရောဂါတိုက်ဖျက်ရေးဆရာဝန်ကြီး နှင့် The Union အဖွဲ့မှကိုယ်စားလှယ်များမှ မကွေးတိုင်းဒေသကြီးအတွင်း(CBMDRTBC Project)နှင့် ပတ်သက် ၍ နှစ်ပတ်လည်ဆောင်ရွက်ခဲ့သောလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ အထူးကုဆရာဝန်ကြီးများနှင့် The Union အဖွဲ့မှကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

More Tags