မကွေးတိုင်းဒေသကြီးတွင် Logistics Management Information System သင်တန်းကျင်းပ

မကွေးမြို့၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၆)ရက်

     မကွေးတိုင်းဒေသကြီးတွင် Logistics Management Information System သင်တန်းကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၂၆.၁၀.၂၀၁၉) ရက်နေ့တွင် ကျင်းပခဲ့သည်၊၊ အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ အဖွင့်အမှာစကား ပြောကြား ခဲ့သည်၊၊ ၎င်းနောက် Logistics Management Information System နှင့် ပတ်သက်သည့် သင်ခန်းစာများကို ဒေါက်တာသဉ္ဇာမင်း (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါက်တာတင်အောင်ချို (အဖွဲ့ခေါင်းဆောင်ဆရာဝန်)၊ ဒေါက်တာစုမြတ်သိန်း (အဖွဲ့ခေါင်းဆောင်ဆရာဝန်၊သရက်မြို့) တို့မှ သင်တန်းပေးခဲ့ကြသည်၊၊ အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီးအတွင်း (၂၅) မြို့နယ်မှ မြို့နယ်တီဘီရောဂါတိုက်ဖျက်ရေး တာဝန်ခံ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်၊၊

 

 

 

More Tags