မကွေးတိုင်းဒေသကြီးတွင် Advocacy Meeting and Training for IPT State / Regional Level အသိပေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ

မကွေးမြို့၊(၂၀၁၉) ခုနှစ်၊နိုဝင်ဘာလ(၇)ရက်

     မကွေးတိုင်းဒေသကြီးတွင် “Advocacy Meeting and Training for IPT State / Regional Level” အသိပေး ဆွေးနွေးပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် (၇.၁၁.၂၀၁၉) ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဒု-တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမွန်မွန်မြင့် မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။


     ၄င်းနောက် “Isoniazid Preventive Therapy” နှင့် ပတ်သက်သည့် အကြောင်းအရာများကို  ဒေါက်တာဇော်လှိုင်တိုး (တိုင်းအထူးကုဆရာဝန်ကြီး)၊ ဒေါက်တာသဉ္ဇာမင်း (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါက်တာတင်မိမိခိုင် (Senior NTO/WHO) တို့မှ ရှင်းလင်းတင်ပြခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး များနှင့် အဖွဲ့ခေါင်ဆောင် ဆရာဝန်များ တက်ရောက်ခဲ့ကြပါသည်။

More Tags