မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တွင် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဆောမြို့၊ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅) ရက်

     မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀ ခုနှစ် မတ်လ (၂၅) ရက်နေ့တွင် ဆောမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ဆောမြို့ပေါ်တွင် ပြည်သူ့ကျန်းမာရေး၀န်ထမ်းများမှ Loud Speaker များဖြင့် လှည့်လည်နှိုးဆော်ခြင်း၊ မြန်မာ့စီးပွားရေးဘဏ်တွင် လာရောက်သူများအား အဖျားရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျောက်ထုကျေးလက် ကျန်းမာရေးဌာန၊ ပေါက်တော ကျေးလက်ကျန်းမာရေးဌာန၊ လောင်းရှည်ကျေးလက် ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင်လည်း လှည့်လည်ပညာ ပေးခြင်းတို့ ပြုလုပ်လျက်ရှိပြီး ဆက်လက်၍ ပိုမိုအချိန်ယူပြီး လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

More Tags