မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်

ချောက်မြို့၊ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅) ရက်

     မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်းကို (၂၅.၃.၂၀၂၀) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ကျန်းမာရေးကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ချောက်မြို့နယ်အထက (၁) တွင် နေရပ်ဒေသသို့ ပြန်ရောက်လာသူများအား Facility quarantine ထားရှိရန်အတွက် (၅) ယောက်ဆံ့အခန်း (၁၇) ခန်း အယောက် (၃၀) ဆံ့အခန်း (၁) ခန်း၊ စုစုပေါင်း (၁၁၅) ခန်း ပြင်ဆင်ထားရှိမှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဌာနနှင့် လူမှုရေးအသင်းများ စုပေါင်းညှိနှိုင်းဆောင်ရွက်ထားပါသည်။

More Tags