မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန (၂၀၂၀) ခုနှစ် သစ်လွင်သူနာပြုတာ၀န် ခန့်အပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

မကွေးမြို့၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်

     မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန (၂၀၂၀) ခုနှစ် သစ်လွင်သူနာပြုတာ၀န်ခန့်အပ်ခြင်း အခမ်းအနားကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇန်နဝါရီလ (၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် (၂၀၂၀)ခုနှစ် ဇန်နဝါရီတွင် သူနာပြုတာ၀န်များကို စတင်ထမ်းဆောင်ကြမည့် သစ်လွင်သူနာပြုများကို ကြိုဆိုပါကြောင်း၊ မိမိ၏သူနာပြုဘ၀ဖြတ်သန်းရာတွင် စေတနာ ဝါသနာ အရင်းခံကာ လူနာများအပေါ် ပြုစုစောင့်ရှောက်မှုများပေးစေလိုကြောင်း၊ မိမိ၏ဘ၀တိုးတက်ရေးအတွက်ဆက်လက်ပညာသင် ကြိုးစားကြစေလိုကြောင်း၊ လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက်ဆရာ၀န်များ၊ သူနာပြုများနှင့်အတူ စုပေါင်းလုပ်ဆောင်ခြင်းစိတ်ဓာတ်ဖြင့် လုပ်ဆောင်ကြစေလိုကြောင်း၊ ၀န်ထမ်း တစ်ယောက်၏ ကျင့်ဝတ်သိက္ခာ၊ လိုက်နာရမည့်စည်းကမ်းများကိုလိုက်နာပြီး ပျော်ရွှင်သော မိမိ၏ကိုယ်ပိုင်ဘ၀ကို ရရှိကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

 

     အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မကွေးတိုင်းဆေးရုံအုပ်ကြီး၊ ပခုက္ကူဆေးရုံအုပ်ကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)၊ သူနာပြုအုပ်များ၊ သစ်လွင်သူနာပြုများ တက်ရောက်ကြသည်။

More Tags