မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် လတ်တလော အာဟာရချို့တဲ့မှု ဘက်စုံကုသ စောင့်ရှောက်ခြင်း ဆိုင်ရာကုထုံး မြို့နယ်အဆင့် သင်တန်းကျင်းပ

ကံမ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်

     မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် လက်တလောအာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းဆိုင်ရာကုထုံး မြို့နယ်အဆင့်သင်တန်းကို (၁၆-၉-၂၀၁၉) ရက်နေ့တွင်စတင်ကျင်းပရာ ကံမ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးလင်း က အဖွင့်အမှာစကားပြောကြားရာတွင် အာဟာရလုပ်ငန်း၏ အရေးပါပုံ၊ အာဟာရချို့တဲ့ခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်း တက်ရောက်နေစဉ်အတွင်း သေချာစွာမှတ်သားပြီး စိတ်ဝင်စားစွာသင်ကြားနိုင်ရန် မှာကြားခဲ့ပါသည်။

 

     အဆိုပါသင်တန်းကို (၁၆-၉-၂၀၁၉) မှ (၂၁-၉-၂၀၁၉) ရက်နေ့အထိ (၃) ရက်လျှင်တစ်သုတ်ဖြင့် ကံမမြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးပညာရှင်များအားလုံးကို ပို့ချသွားမည်ဖြစ်ပါသည်။ လက်တလော အာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းဆိုင်ရာကုထုံး မြို့နယ်အဆင့်သင်တန်းများကို ၂၀၁၉ ခုနှစ် အတွင်းတွင် မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၊ မင်းတုန်းမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ သရက်မြို့နယ်များတွင် ကျင်းပပြီးစီးခဲ့ပြီး ဆက်လက်၍ ဆောမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ အောင်လံမြို့နယ်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

More Tags