မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တိုင်းဒေသကြီး အဆင့်လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲ(၂၀၁၉) ကျင်းပ

မကွေးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၄)ရက်

     မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တိုင်းဒေသကြီးအဆင့် လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၉) ကို  ၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီလ (၂၃/၂၄) ရက်နေ့များတွင် ကျင်းပခဲ့သည်။


     အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ (၂၅)မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူးနှင့် တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းတာ၀န်ခံ(၁)ဦးစီ တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲတွင် မြို့နယ်အသီးသီးမှ  (၂၀၁၉) ခုနှစ်အတွင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ပတ်သက်သည့်ဆောင်ရွက်ချက်များ၊ အားသာချက်၊ အားနည်းချက် များကို တင်ပြဆွေးနွေးခဲ့ပြီး (၂၀၂၀)တွင် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဝိုင်း၀န်းဆွေးနွေး ခဲ့ကြသည်။

More Tags