မြို့သစ်မြို့နယ်တွင် ရာသီတုပ်ကွေးရောဂါ A(H1N1) အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မြို့သစ်မြို့ ၊ ဇူလိုင်လ (၄) ရက်

     မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနမှူး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း ရာသီတုပ်ကွေးရောဂါ A(H1N1)နှင့်ပတ်သက်၍ ပြည်သူများအကြား  ပိုမိုသတိထားမိပြီး ၎င်းတို့ကိုယ်တိုင် ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိပါသည်။

 

     ထိုသို့ဆောင်ရွက်ရာတွင် (၄-၇-၂၀၁၉) ရက်နေ့တွင် မိခင်ကလေးကျန်းမာရေးဌာနနှင့် မြို့မကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေးပညာရှင်များသည်  လူစည်ကားရာနေရာများဖြစ်သည့်   မြို့သစ်မြို့မဈေး၊ ရထားဘူတာ၊  ကားဂိတ်များနှင့် သုံးဘီးဆိုင်ကယ်ဂိတ်များတွင် လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

More Tags