မြို့သစ်မြို့နယ်တွင် Family Planning Training for BHS သင်တန်းကျင်းပ

မြို့သစ်မြို့ ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၈) ရက်

     မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် MRCS/DRC(RMNCH Project) ၏အထောက်အပံ့ဖြင့် အခြေခံကျန်းမာရေးပညာရှင်များအတွက် Family Planning Training for BHS သင်တန်းကို ကျင်းပခဲ့ပါသည်။

 

     သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆရာ များအဖြစ် မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာအေးနှင့် အဖွဲ့ခေါင်းဆောင်ဆရာ ဒေါက်တာအောင်လွင်တို့မှ ဦးဆောင်သင်ကြားပေးမည် ဖြစ်ပါသည်။ ဤသင်တန်းကို (၈-၇-၂၀၁၉) မှ (၁၀-၇-၂၀၁၉) ထိ ပထမအသုတ်ကျင်းပမည်ဖြစ်၍ နှစ်သုတ်ခွဲပြီး ကျင်းပမည်ဖြစ်ပါသည်။

More Tags