မြဝတီမြို့နယ်တွင် “Myanmar-Thailand Cross-Border Health Collaborative Meeting for HIV Services” ကျင်းပပြုလုပ်

မြဝတီမြို့၊ မေလ (၂၉) ရက်

     (၂၉-၅-၂၀၁၉) ရက်နေ့တွင် မြဝတီမြို့၊ Grade One Hotel  ၌ မြန်မာနိုင်ငံဘက်အခြမ်းမှ အိမ်ရှင်အနေဖြင့် “Myanmar-Thailand Cross-Border Health Collaborative Meeting for HIV Services” အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ နှစ်နိုင်ငံအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် National AIDS Programme, Myanmar တို့ ပူးပေါင်း၍ စီစဉ်ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ အစည်းအဝေးတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ်တွင် ဆောင်ရွက်အကောင်အထည်ဖော် နေသော “ HIV Prevention Services , Care and Support , Referral System among Migrants ” တို့ အကြောင်းကို နှစ်နိုင်ငံဘက်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အခြားနှီးနွယ်မိတ်ဖက် အဖွဲ့အစည်းများမှ ဆွေးနွေးခဲ့ကြပြီး စုစုပေါင်း လူဦးရေ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags