မော်လမြိုင်မြို့တွင် ပျိုရွယ်သူမျိုးဆက်ပွားကျန်းမာရေး၊ ကျားမ အခြေပြုအကြမ်းဖက်မှု၊ အေအိုင်ဒီအက်စ် ရောဂါကာကွယ် တားဆီးရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ် တားဆီးကာကွယ်ရေး ပညာပေးအခမ်းအနား ကျင်းပပြုလုပ်

မော်လမြိုင်၊၂၀၁၉ခုနှစ်၊ဒီဇင်ဘာလ(၂၇)ရက်

     ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ ပြုလုပ်သော ပျိုရွယ်သူ မျိုးဆက်ပွားကျန်းမာရေး၊ ကျားမအခြေပြု အကြမ်းဖက်မှု၊ အေအိုင်ဒီအက်စ် ရောဂါကာကွယ်တားဆီးရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ် တားဆီးကာကွယ်ရေးပညာပေး အခမ်းအနားကို ဒီဇင်ဘာလ(၂၇)ရက်နေ့၊ နံနက်(၉:၃၀) နာရီအချိန်တွင် မော်လမြိုင်ပညာရေး ကောလိပ်(ပညာညီလာခန်းမ)၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မော်လမြိုင်ပညာရေး ကောလိပ်၊ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဝေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာခင်စန်းအေးမှ ပညာပေးလုပ်ငန်း ဆောင်ရွက်ရခြင်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။


     အဆိုပါ ပညာပေးအခမ်းအနားတွင် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာခင်စန်းအေးမှ ကျားမအခြေပြု အကြမ်းဖက်မှုအကြောင်း၊ ပြည်နယ်မိခင်ကလေး/ကျောင်းကျန်းမာ/အာဟာရ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်အေးခိုင်မှ ပျိုရွယ်သူမျိုးဆက်ပွား ကျန်းမာရေးအကြောင်း၊ မော်လမြိုင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာကျော်မြတ်ထွန်းမှ ဆေးလိပ် နှင့်ဆေးရွက်ကြီးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း၊ ပြည်နယ်ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှ ဒေါ်အေးအေးသင်းက HIV/AIDS ရောဂါအကြောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများက ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုခဲ့ပြီး သိလိုသည်များမေးမြန်းကြကာ တာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။ အဆိုပါပညာပေး အခမ်းအနားသို့ မော်လမြိုင်ပညာရေးကောလိပ်မှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၃၀၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။

More Tags