မော်လမြိုင်မြို့တွင် စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် လက်စွဲစာအုပ် ပုံစံသစ်အသုံးပြုခြင်း ပြည်နယ်အဆင့်သင်တန်း ကျင်းပပြုလုပ်

မော်လမြိုင်၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၂) ရက်

     စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေးသတင်းစနစ် လက်စွဲစာအုပ်ပုံစံသစ် အသုံးပြုခြင်း ပြည်နယ်အဆင့်သင်တန်းကို မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် စက်တင်ဘာလ (၂) ရက်နေ့၌ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည်မှ အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းပို့ချမည့် နေပြည်တော် စီမံကိန်းနှင့် ကျန်းမာရေးသတင်းအချက်အလက်ဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ကို ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးသတင်းစနစ်ကို တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီသော Essential Health , JHPIEGO နှင့် မိတ်ဖက်အဖွဲ့အစည်းများ ကိုကျေးဇူးတင်ပါကြောင်းနှင့် သင်တန်းတက်ရောက်လာတဲ့ ဆရာ/ဆရာမများကနေ မိမိတို့နိုင်ငံရဲ့ အရေးကြီးတဲ့ ကျန်းမာရေးသတင်းစနစ်တစ်ခုကို ကောင်းသထက်ကောင်းအောင်၊ မှန်ကန်သော သတင်း အချက်အလက်တွေကို အချိန်မီ ရရှိအသုံးချရင်း ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကြိုးစားပေးကြဖို့၊ ကျန်းမာရေးသတင်းစနစ်မှ နိုင်ငံရဲ့ကျန်းမာရေးကဏ္ဍ စီမံခန့်ခွဲမှု အောင်မြင် မှုရှိစေရန်အတွက် တက်ညီလက်ညီ အားလုံးဆောင်ရွက်ကြရန်စသည်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။

 

     ဆက်လက်၍ စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ်နှင့် လက်စွဲစာအုပ်ပုံစံအသစ် (Data Dicotionary - New Version)တွင်ပါရှိသော အဓိပ္ပာယ် ရှင်းလင်းချက်များကို သင်တန်းဆရာများမှ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အောက်ရှိသက်ဆိုင်ရာဌာနများ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ HMIS Focal Personများ ၊ လက်ရှိ DHIS2 စာရင်းရေးသွင်းနေသူ စုစုပေါင်း သင်တန်းသူ/သား (၆၀)ခန့်ကို (၂.၉.၂၀၁၉)ရက်နေ့မှ (၄.၉.၂၀၁၉)ရက်နေ့အထိ (၃)ရက်ကြာ သင်တန်းကို ဆွေးနွေး ပို့ချသွားမည်ဖြစ်ပါသည်။

More Tags