မော်လမြိုင်မြို့တွင် Multiplier Training on Diabetes Emergency High Risk Management and Proper Referral သင်တန်း ကျင်းပပြုလုပ်

မော်လမြိုင်မြို့၊ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်

     Multiplier Training on Diabetes Emergency High Risk Management and Proper Referral သင်တန်းကို စက်တင်ဘာလ (၁၀) ရက်နေ့တွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နံနက် (၉:၃၀) အချိန်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်မှ အဖွင့်မိန့်ခွန်းပြောကြားပြီး သင်တန်းကိုဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံဆီးချိုရောဂါကာကွယ်ကုသရေး စီမံချက်မှပါမောက္ခဌာနမှူး ဦးဆောင်သောအထူးကုဆရာဝန်ကြီးများ၊ မော်လမြိုင်အထွေထွေရောဂါကု ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး(ဆေးပညာ)၊ အထူးကုဆရာဝန်(ဆေးပညာ)၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ စုစုပေါင်း (၃၉) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 

     ထို့နောက်သင်တန်းတွင် မြန်မာနိုင်ငံ ဆီးချိုရောဂါကာကွယ်ကုသရေးစီမံချက်မှ ပါမောက္ခဌာနမှူး၊ တွဲဖက်ပါမောက္ခအထူးကုဆရာဝန်ကြီးများမှ ဆီးချိုရောဂါကြောင့် ကိုယ်ခန္ဓာဇီဝကမ္မပြောင်းလဲခြင်း၊ ဆီးချိုရောဂါလူနာများအားဆေးကုသပေးခြင်း၊ ဆီးချိုဆေးအင်ဆူလင်အသုံးပြုပုံနှင့် အကျိုးအာနိသင်များ၊ဆီးချိုရောဂါနှင့် တီဘီရောဂါဖြစ်ပွားခြင်းတွင် ကုသမှုပေးခြင်း၊ ဆီးချိုရောဂါ၏လက်တလောနှင့်နာတာရှည်နောက်ဆက်တွဲဆိုးကျိုးပြဿနာများအကြောင်းကို သင်ကြားဆွေးနွေးပေးခဲ့ပြီး သင်တန်းတက်ရောက်လာသော ဆရာဝန်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီးသင်တန်းဆရာများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ သင်တန်းကို (၁၀.၉.၂၀၁၉) မှ (၁၁.၉.၂၀၁၉) ရက်နေ့အထိ (၂) ရက်တာ သင်တန်းပြုလုပ်သွားမည်ဖြစ်ပါသည်။

More Tags