မုံရွာမြို့၌ မြန်မာ့ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီ နှင့် လုပ်ငန်းဆွေးနွေးပွဲ ကျင်းပ

မုံရွာမြို့၊ မေလ (၁၃) ရက်

     ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဖြစ်သော တီဘီရောဂါ၊ ငှက်ဖျားရောဂါ နှင့် ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် မြန်မာ့ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီမှ ကိုယ်စားလှယ်အဖွဲ့များသည် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ (၁၃-၅-၂၀၁၉) ရက်နေ့တွင် လာရောက်၍ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ဆွေးနွေးပွဲကို ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါ ဆွေးနွေးပွဲတွင် ပထမဉီးစွာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပါသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး) မှ မြန်မာ့ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းမှုကော်မတီ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ လာရောက်ပြီး လုပ်ငန်းဆွေးနွေးပွဲ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ စစ်ကိုင်းတိုင်း ဒေသကြီး၏ ကျန်းမာရေးအ​ခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး တီဘီ၊ ခုခံကျကာလသားရောဂါ နှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆရာဝန်ကြီးများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကူးစက်ရောဂါဖြစ်ပွားမှု အခြေအနေများကို တင်ပြဆွေးနွေး ကြပါသည်။ တင်ပြဆွေးနွေးချက်များအပေါ် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးကြပြီး နောက် မုံရွာပြည်သူ့ဆေးရုံကြီးရှိ ရောဂါတိုက်ဖျက်ရေး ဌာနများသို့ လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

More Tags