မုံရွာမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

မုံရွာမြို့၊ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်

     မုံရွာခရိုင်နှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီသည် (၂၀၁၉) ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အဖွဲ့တို့နှင့် ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဆေးဝါးရောင်းချခွင့် လိုင်စင်မရှိဘဲ ရောင်းချနေခြင်းရှိ၊မရှိစစ်ဆေးခြင်းနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။ အများပြည်သူများအား လုံခြုံစိတ်ချရသော ဆေးဝါးများရရှိနိုင်ရန် သက်တမ်းလွန်ဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိသော ဆေးဝါးများ မရောင်းချစေရန်နှင့် ကောင်းမွန်သောဆေးဝါး ထားသိုမှုနှင့်ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်(GPP)နှင့်အညီ ရောင်းချစေရန် ကြီးကြပ် စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပါသည်။

 

More Tags