မုံရွာမြို့တွင် မကူးစက်နိုင်သောရောဂါများဖြစ်သည့် သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုသွေးချိုနှင့် ကင်ဆာရောဂါများအကြောင်း ကျန်းမာရေးဟောပြောပွဲ ပြုလုပ်ကျင်းပ

မုံရွာမြို့၊၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်

     စစ်ကိုင်းတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများဖြစ်သည့် သွေးတိုး၊ နှလုံးသွေး‌ကြောကျဉ်းရောဂါ၊ ဆီးချိုသွေးချိုနှင့် ကင်ဆာရောဂါများအကြောင်း ကျန်းမာရေးဟောပြောပွဲကို ၂၀၁၉ ခုနှစ်ဒီဇင်ဘာ (၅) ရက် နေ့လည် ၂ နာရီ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့ပါသည်။ ကျန်းမာရေးဟောပြောပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ဝန်ထမ်းများစုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကာ စစ်ကိုင်းတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၊ ဒေါက်တာညီညီလွင်မှ ကင်ဆာရောဂါအကြောင်းနှင့်ပတ်သက်၍လည်းကောင်း၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်၊ ဒေါက်တာ ကျော်မိုးထက်မှ သွေးတိုး၊နှလုံးသွေးကြောကျဉ်း‌နှင့် ဆီးချိုသွေးချိုရောဂါများနှင့် ပတ်သတ်၍ လည်းကောင်း အသီးသီးတင်ပြဆွေးနွေးသွားခဲ့ပါသည်။

More Tags