မုံရွာမြို့တွင် တိုင်းဒေသကြီးအဆင့် (၂၀၁၈)ခုနှစ်လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲကျင်းပ

မုံရွာမြို့၊ မတ်လ (၁၉)ရက်

     တိုင်းဒေသကြီးအဆင့် (၂၀၁၈)ခုနှစ် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၁၉.၃.၂၀၁၉ မှ ၂၀.၃.၂၀၁၉)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးများ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲအသီးသီးမှ အဖွဲ့ခေါင်းဆောင်ဆရာဝန်များက (၂၀၁၈)ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များ၏ရလဒ်များ၊ အောင်မြင်မှုများ၊ အားနည်းချက်နှင့်အားသာချက်များ၊ အကြံပြုချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

 

     ထို့နောက် မြို့နယ်(၃၇)မြို့နယ်များမှ အားအသာဆုံး(၃)မြို့နယ်နှင့် အားအနည်းဆုံး(၃)မြို့နယ်များ၏ (၂၀၁၈)ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များ၏ရလဒ်များ၊ အောင်မြင်မှုများ၊ အားနည်းချက်နှင့်အားသာချက်များ၊ အကြံပြုချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ အခမ်းအနားတွင် (၂၀၁၈)ခုနှစ် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးခြင်း၌ ဆုရရှိသောမြို့နယ်များကို ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပါသည်။

 
 
 

More Tags