မုံရွာမြို့တွင် ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲကျင်းပ

မုံရွာ၊ မတ်လ (၂၀) ရက်

     (၂၀၁၈)ခုနှစ် တိုင်းဒေသကြီးအဆင့် ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၀.၃.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အခမ်းအနားတွင် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး (ရပကန)က (၂၀၁၈)ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၏ရလဒ်များ၊ အောင်မြင်မှုများ၊ အခက်အခဲများ၊ အားနည်းချက် အားသာချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။

 

     မြို့နယ်များမှလည်း မိမိတို့မြို့နယ်များအတွင်း (၂၀၁၈)ခုနှစ် ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၏ရလဒ်များ၊ အောင်မြင်မှုများ၊ အခက်အခဲများ၊ အားနည်းချက် အားသာချက် များနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများမှ အပြန်အလှန် အကြံပြုဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် focal person များ စုစုပေါင်း (၈၄)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags