မုံရွာမြို့ Win Unity Hotel တွင် မိခင်သေဆုံးမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ မွမ်းမံသင်တန်းဆောင်ရွက်

မုံရွာမြို့၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် UNFPA တို့ ပူးပေါင်း၍ မုံရွာမြို့ Win Unity Hotel တွင် မိခင်သေဆုံးမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်း (Maternal Death Surveillance and Response) မွမ်းမံသင်တန်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၅) ရက်မှ (၆) ရက်ထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာဝင်းလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ဆက်လက်၍ မိခင်သေဆုံးမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း နှင့်တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများအား ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညီညီလွင်၊ ဒေါက်တာချစ်ထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာနယ်လီဝင်း၊ တိုင်းပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်ကြူကြူဇော်တို့မှ ဦးဆောင်၍ သင်တန်းပေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ (၃၇)မြို့နယ်မှ ခရိုင်/ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဆေးရုံနှင့်ပြည်သူ့ကျန်းမာရေးဌာနမှ မိခင်သေဆုံးမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသော Focal Person (၁) ဉီးစီနှင့် စုစုပေါင်းသင်တန်းသား (၁၁၆)ဦး တက်ရောက်ခဲ့ကြပါသည်။

More Tags